အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

လျှပ်စစ်နှင့်စွမ်းအင်၀န်ကြီးဌာန
မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း
မန္တလေးတိုင်းဒေသကြီး၊မန္တလေးမြို့
(အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း)

၁။               ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း မှ ဆောင်ရွက်မည့် အောက်ဖော်ပြပါ လုပ်ငန်းအား တင်ဒါခေါ်ယူရန်အတွက် အိတ်ဖွင့်တင်ဒါ ဖိတ်ခေါ် အပ်ပါသည်-

စဉ်

တင်ဒါအမှတ်

လုပ်ငန်းအမည်

(က)

1-22(T)/MESC/2018-2019

ခရိုင်/မြို့နယ်များအတွက်  ဓာတ်အားလိုင်းပစ္စည်း (၂၆) မျိုးအား      (1 Lot)‌‌ ဈေးနှုန်းဖြင့်ဝယ်ယူရန်။

(ခ)

1-23(T)/MESC/2018-2019

ခရိုင် / မြို့နယ်များအတွက်     ဓာတ်အားခွဲရုံ ပစ္စည်း (၂၀) မျိုး အား    (1 Lot)‌‌ ဈေးနှုန်းဖြင့်ဝယ်ယူရန်။

(ဂ)

2-40(T)/MESC/2018-2019

အမရပူရမြို့နယ် စွယ်တော်ဓာတ်အားခွဲရုံမှ ဓာတ်အားလက်ခံ ဖြန့်ဖြူး ပေးနိုင်ရန်အတွက်33kV  Line(0.75)Mile & 11kV Line (3.5) Mile   အား  SAC   ဖြင့်   အသစ် တည်ဆောက်ခြင်း (ပစ္စည်း+လုပ်ခ)

၂။               အိတ်ဖွင့်တင်ဒါပုံစံနှင့် စည်းကမ်းချက်များကို ( ၃.၅.၂၀၁၉ ) ရက်နေ့တွင် စတင်၍ ရောင်းချမည် ဖြစ်ပြီး  ( ၃၁  . ၅  .၂၀၁၉) ရက် (၁၄:၀၀)  နာရီတွင် တင်ဒါပိတ်မည်ဖြစ်ပါသည်။ 

၃။               တင်ဒါစိစစ်ရွေးချယ်မည့်ရက်အား ထပ်မံအကြောင်းကြားပါမည်။ တင်ဒါပုံစံနှင့်အသေးစိတ်အချက်အလက် များကို ရုံးချိန်အတွင်း အောက်ပါလိပ်စာတွင် လာရောက် စုံစမ်းဝယ်ယူနိုင်ပါသည်။

 

 

 

တင်ဒါကော်မတီ
မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(ရုံးချုပ်)

၂၇ လမ်း၊ ၇၇x၇၈ကြား၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့
ဖုန်း -  ၀၂-၄၀၆၉၁၂၁,၀၂-၄၀၇၃၈၀၁